Wednesday, April 10, 2013

အလွမ်းတွေခတဲ့ ´ည`



ရွေ့လျားတဲ့အချိန်တွေ
ရပ်များရပ်တန့်နေသလား
ရောင်ခြည်လာလို့ အလင်းနုသန်းရန်
စောင့်ခဲ့တဲ့ရတဲ့ အဖြစ်
အလွမ်းခတဲ့ညတွေမို့
ရှည်ဘဲရှည်နိုင်လွန်းတယ်...
အိပ်သော်လည်းမပျော်
မှိတ်သော်လည်းမရ
မျက်ဝန်းထဲက သူ့အလှ
တဒင်္ဂဆိုပေမဲ့
မမြင်ရမနေနိုင်အောင်
အရင်ဘ၀ကရေစက်တွေကြောင့်
တွေကြုံဆုံရ ခံစားရတယ်...
ခံစားရမယ်ဆိုတာ သိလျှက်
ဇွတ်မိုက်လို့ ချစ်ခဲ့သူ
မကြည်ဖြူမှန်း သိသော်လည်း
ဖြူစင်တဲ့ အသဲမှာ
နေရာတွေပေးခဲ့မိပြီ...
တစ်ဖက်သတ်ဆိုသူရဲ့ရင်ထဲ
အချစ်ဆိုတာ ပိုင်ဆိုင်ခြင်းမရှိပေမဲ့
အလွမ်းကိုသာ ပိုင်ဆိုင်ရင်း
ဆန္ဒတစ်ခု ပြုလိုက်ပါရစေ
အလွမ်းခတဲ့ ညတွေ
ကုန်ဆုံးပါစေ...။
မင်းရဝေ(ကလေး)

အလည်ရောက်တုန်း စကားလက်ဆောင်လေး ထားပေးခဲ့ချင်ရင်

ဘယ်သူပဲလာ လာ လက်ခုပ်တီးလျှက်ကြိုဆိုပါတယ်ဗျာ...