Wednesday, April 10, 2013

*သူ့ရဲ့ဘ၀သူအလှ*




ခင်ရဲ့ဘ၀ ခင့်အလှက
စာနှင့်ကဗျာ ရေးဖွဲ့ပါလဲ
ကုန်မယ်တဲ့လား...ခင်
ခင်ရဲ့မျက်နှက် ရွှင်ကြည်သာက
ကျွန်ုပ်စိတ်ဝယ်
သန်းခေါင်ယံညချမ်း
လဆန်းပေက္ခ
ဆယ့်ငါးရက်ညမှာ
ကြယ်တာရာ ၀န်းရံခပြီး
အပူအပင်ကင်းပ
ထိန်ထိန်သာလှတဲ့
စန္ဒာထက်မက
ပိုပိုပြီလှလွန်းပါတယ် ကွယ်...။
ကေသာကနက်မှောင်
ပိတုံးရောင်သန်း
သိပ်လှတဲ့ ခင့်ရဲ့ဆန်နွယ်
ပါးမို့မို့ဘယ်ညာနှစ်ဖက်မှာ
ကွက်ထားတဲ့ သနပ်ခါးက
အလှကို အယဉ်ဆင့်
တကယ်ကို လိုက်ဖက်ပါရဲ့ခင်
လည်တိုင်က မသေးမကြီး
နံဘေးကြည်က သာလို့ယဉ်
ကိုယ်ဟန်ကကျော့ရှင်
ရွှေယမင်းပမာ
အတင်းသာလှပါဘိ
မူယာကနွဲ့နှောင်း
သွယ်ပြောင်းတဲ့
ခင့်ရဲ့လက်မောင်းတွေ
ဆန်ဖျားမှ ခြေဖျားတိုင်
မရိုးနိုင်တဲ့ အလှတွေနဲ့
တကယ်ကိုပြည့်စုံးပါရဲ့ခင်
ဥမ္မာဒန္တီ
ပပ၀တီနှင့်
အမယာမဒီ
သမ္ဘူလ
ဘယ်လိုပင် လှစေဦးတော့
ကျွန်ုပ်စိတ်က
ခင်ရဲ့အလှ တဒင်္ဂကို
သူတို့တစ်တွေ
တုပါလေလည်း
လိုက်လေ ဝေးလေပါပဲကွယ်... ။
မင်းရဝေ(ကလေး)

No comments:

Post a Comment

အလည်ရောက်တုန်း စကားလက်ဆောင်လေး ထားပေးခဲ့ချင်ရင်

ဘယ်သူပဲလာ လာ လက်ခုပ်တီးလျှက်ကြိုဆိုပါတယ်ဗျာ...