Sunday, February 10, 2013

“ဖူးပွင့်ဝေဆာ သီရိမင်္ဂလာ

         ၂၀၀၂-ခု အစပြုခဲ့တဲ့ သာယာလှစွာ ပေါ့တလန်မှာ 
သီရိမင်္ဂလာ ကျောင်းတော်သာကို
တည်ထောင်ပြုစု ယခုဆိုလျှင် ဆယ်နှစ်အတွင်းမှာ
အမျိုးဘာသာ သာသနာနှင့်
လူငယ်ယဉ်ကျေးမှု အခြေပြုလို့
အောင်မြင်မှုတွေ လှမ်းခဲ့ပြီ။

ကြွေလွင့်နှင်းဆီ

“ရင်ထဲက အရဟံ (၂ ) (ရဝေနွယ်-အင်းမ)


စိတ်ချမ်းသာချင်ရင်ဂုဏ်တော်ပွားပါ
အင်္ဂုတ္ထုရ်အဋ္ဌကထာမှာ ဂုဏ်တော်ပွားရင် စိတ်ချမ်းသာခြင်း၊ ဝိပဿနာ အခြေခံသမာဓိရခြင်းဆိုတဲ့ သိပ်စိတ်ဝင်စားဖို့ကောင်းတဲ့ အကျိုးကိုလည်း ပြထား ပါတယ်။

   ရှင်းအောင်ပြောရရင်တော့ ဂုဏ်တော်ပွားရင် စိတ်ချမ်းသာမယ်၊ ဝိပဿနာ အခြေခံသမာဓိ ရမယ်လို့ဆိုလိုတာပါ။ လူတိုင်းလူတိုင်း စိတ်ချမ်း သာချင်ကြသလို တရားအားထုတ်သူတိုင်း တရားအားထုတ်သူတိုင်းလည်း ဝိပဿနာအခြေခံ သမာဓိ ရချင်ကြတာချည်းပါပဲ။ ဒီတော့ စိတ်ချမ်းသာချင်ရင်လည်း ဂုဏ်တော်ပွားရပါမယ်။ ဝိပဿနာအတွက် အခြေခံ သမာဓိ ရချင်ရင်လည်း ဂုဏ်တော်ပွားရပါမယ်။ ဂုဏ်တော်ပွားပြီးမှ ဝိပဿနာတရား အားထုတ်ရင် ပိုကောင်းပါတယ်။

“ရင်ထဲက အရဟံ”အပိုင်း(၃)

ပုံတော်နှင့် ဂုဏ်တော်
Resized_Ywn 1
    ဂုဏ်တော်ပွားတဲ့နေရာမှာ ပုံတော်ထက် ဂုဏ်တော်က အဓိကလို့ ပြောတတ်ကြပါတယ်။ ကျေးဇူးရှင်ဆရာတော် အရှင်ဇနကာဘိဝံသကတော့ ဘုရားရှင်ရဲ့ပုံတော် သပ္ပာယ်ပုံဟာ ဘဂဝါဂုဏ်တော်မှာပါတဲ့ ''သိရီ''ဘုန်းတော်ပါပဲတဲ့။ ဆရာတော်ဘုရားက တိလောကဝိဇယမင်းကြီးရဲ့ဝတ္ထုကို နမူနာသာဓက ပြထားပါတယ်။

မေတ္တသုတ် (ပါဠိ)




၁။ ယဿာနုဘာဝတော ယက္ခာ၊ နေ၀ ဒေဿန္တိ ဘီသနံ။
ယဥှိ စေ၀ါနုယုဉ္ဇန္တော၊ ရတ္တိန္ဒိဝ မတန္ဒိတော။

၂။ သုခံ သုပတိ သုတ္တော စ၊ ပါပံ ကိဉ္စိ န ပဿတိ။
ဧ၀မာဒိ ဂုဏူပေတံ၊ ပရိတ္တံ တံ ဘဏာမ ဟေ။

၃။ ကရဏီယ မတ္ထကုသလေန၊ ယန္တ သန္တံ ပဒံ အဘိသမေစ္စ။
သက္ကော ဥဇူ စ သုဟုဇူ စ၊ သူဝစော စဿ မုဒု အနတိမာနီ။

မြေကြီးရယ်သံ

မြေကြီးရယ်သံ
Kan-007
အော် … ဂရမ်မီဆုပေးပွဲတောင် နီးလာပြန်ပါပေါ့လား။
အစိုင်ဖြစ်နေသော ပင့်သက်ကို မျှဉ်း၍ ချလိုက်မိသည်။ ပြီးခဲ့သည့် ငါးဆယ့်လေးကြိမ်မြောက် ဆုပေးပွဲ အကြိုနေ့က ကွယ်လွန်သွားခဲ့သော "ဝှစ်တနီ ဟူစတန်" ကြောင့်တော့မဟုတ်။ ထိုဆုပေးချိန်က ကိုယ် နယူးယောက်မှာရှိနေခဲ့သည်လေ။

အကယ်၍သာ

အကယ်၍သာ...
mahasi1

အရှင်ဥာဏိကာဘိဝံသ-

အကယ်၍ အောင်မြင်မှုချမ်းသာနဲ့ ဆုံးရှုံးမှုဆင်းရဲတွေကို ကြုံတွေ့ရတဲ့အခါ ဒါဟာ လောကဓံ တရားတွေပါလားရယ်လို့တူညီတဲ့သဘောထား ထားနိုင်မယ်ဆိုရင်. . .

ပဋ္ဌာန်း(၂၄)ပစ္စည်းအကျဉ်း


ဟေတုပစ္စယော = ဟိတ်ခြောက်ပါးဖြစ်၍ ပစ္စယုပ္ပန်တရားတို့အား အမြစ်သဖွယ် ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(ရေသောက်မြစ်လျှင်၊ ယင်းသစ်ပင်ကို၊ စည်ပင်စေမှု၊ ကျေးဇူးပြု၊ ဟေတုပစ္စည်းခေါ်)

အာရမ္မဏပစ္စယော = အာရုံခြောက်ပါးဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။

*ပျက်စီးဆုံးရှုံးမူနှင့်ပညာမဲ့သူတို့၏လုပ်ရပ်*

Photo 

Photo 

အလည်ရောက်တုန်း စကားလက်ဆောင်လေး ထားပေးခဲ့ချင်ရင်

ဘယ်သူပဲလာ လာ လက်ခုပ်တီးလျှက်ကြိုဆိုပါတယ်ဗျာ...