Wednesday, April 10, 2013

အသာယာဆုံးနေ့


ငြိမ်းချမ်းမှုတွေနဲ့
ခပ်နဲ့နဲ့ တဲကုပ်လေးထဲက
နွေးထွေးတဲ့ အမေ့မေတ္တာ
တိုက်တာအိုးအိမ် ရွှေငွေတွေမပါပေမယ့်
မာယာတွေကင်းတဲ့ နယ်မြေ
အသာယာဆုံး အသံ
အချိုသာဆုံး စကား
ရင်ထဲကလာတဲ့ တေးသွားတွေနဲ့
ချော့မြူနွေးလို့ပေါ့
သဘာဝရဲ့ ပြယုဂ်ဆန်ဆန်
ဆင်းရဲတာ မှန်ပေမယ့်
အမေခွင့်ကျွေးတဲ့ ပဲပြုတ်ဆီဆမ်းလေးလောက်
ဘယ်အရာမှ မမက်မောဘူးအမေ...
သိမ်ငယ်မှုတွေ အကြွင်းမဲ့တွေနဲ့
ထုဆစ် တည်ဆောက်ထားတဲ့
သားရဲ့ကမ္ဘာငယ်လေးထဲမှာ
အသာယာဆုံးနေ့လို့ဆိုခဲ့ရင်
အမိုးအကာမလုံတဲ့ တဲကုပ်အိမ်ကလေးဆီက
သားချော့တေးကလေး နားဆင်ခဲ့ရတဲ့
နေ့လေးတစ်နေ့ပဲ ဖြစ်မှာပါအမေ...။
(အမိုးအကာမလုံတဲ့ အမေ့အိမ်ကလေးဆီသို့...)
မင်းရဝေ(ကလေး)

No comments:

Post a Comment

အလည်ရောက်တုန်း စကားလက်ဆောင်လေး ထားပေးခဲ့ချင်ရင်

ဘယ်သူပဲလာ လာ လက်ခုပ်တီးလျှက်ကြိုဆိုပါတယ်ဗျာ...