Sunday, February 10, 2013

“ဖူးပွင့်ဝေဆာ သီရိမင်္ဂလာ

         ၂၀၀၂-ခု အစပြုခဲ့တဲ့ သာယာလှစွာ ပေါ့တလန်မှာ 
သီရိမင်္ဂလာ ကျောင်းတော်သာကို
တည်ထောင်ပြုစု ယခုဆိုလျှင် ဆယ်နှစ်အတွင်းမှာ
အမျိုးဘာသာ သာသနာနှင့်
လူငယ်ယဉ်ကျေးမှု အခြေပြုလို့
အောင်မြင်မှုတွေ လှမ်းခဲ့ပြီ။


ယခုအခါ ကျောင်းတော်သာမှာ
စိတ်ရှည်ဇွဲသန် သည်းညည်းခံ ပြုရန်သာသနာ
ဆရာများမိန့်မှာ လင်္ကာအတိုင်း
ဦးဆောင်ဦးရွက် ပြုလျှက်ရှိတဲ့
ဦးသီရိန္ဒ အမည်ရသည့်
ထေရအကျော် ဆရာတော်၏
စွမ်းစွမ်းတမံ ဆောင်ရွက်ဟန်ကြောင့်
နာပျော်ဖွယ်ရာ ပေါ့တလန်မှာ
ဘုရားကျောင်းကန် တရားသံနှင့်
ကောင်းမှုသံတွေ ပေါင်းစုညံကာ
ဒါနတွေလည်း လွှမ်းခဲ့ပြီ။

သီလတွေလည်း ရွှမ်းခဲ့ပြီ။

ဘာဝနာတွေလည်း မွှမ်းခဲ့ပြီ။

သာသနာ့အမွေ ခံယူစေဖို့
ရဟန်းခံရှင်ပြု အလှုတော်မင်္ဂလာ ဖြူစင်စွာနှင့်
သံသရာဝဋ် ကျွတ်လွတ်ခြင်းငှါ
တနှစ်တစ်ခါ ခြိမ့်သဲစွာနှင့်
နိဗ္ဗာန်ရည်လည်း မှန်းခဲ့ပြီ။

လူငယ်ယဉ်ကျေးမှု အခြေပြုလို့
မိခင်ဘာသာ မြန်မာစာနှင့်
သာသနာ့အုတ်မြစ် အခြေဖြစ်အောင်
ဗုဒ္ဓဘာသာ အခြေခံတရား အနေမှန်ထားဖို့
အနာဂတ်ကိုလည်း ကမ်းခဲ့ပြီ။

စာပေကျန်းဂန် လမ်းမှန်တွေကို ရှာမှီးဝေဖန်
အသိဥာဏ်ဆင့် တံခါးဖွင့်ဖို့
မေတ္တာဥယျာဉ် ၀က်(ဘ်)ဆိုက်တင်ကာ
ဓမ္မအလှု မြတ်အငူကို
ကမ္ဘာအနှံ့ ပြန့်စေပြီ။

ဖူးပွင့်ဝေဆာ ဓမ္မတာအတိုင်း
နေရာတိုင်းမှာ ကာလကြာလျှင်
ပရိသတ်ဦးရေ မဆန့်လေ၍
နေရာဌာန တိုးချဲ့ရ၏။

ထိုသဘာဝ နိယာမအတိုင်း
ဒီ့ထက်ကျယ်ပြန့် သာသနာခန့်ဖို့
ရေခြားမြေခြား ဘာသာခြားနှင့်
စကားလည်းခြား ခြားပေါင်းများစွာ တိုင်းတစ်ပါးမှာ
ဗုဒ္ဓမြတ်စွာ သာသနာ တည်တံ့ထွန်းကား ပြန့်ပွားစေဖို့
အနာဂတ်ရင်သွေး ကလေးများစွာ စိတ်အေးချမ်းသာ
မိခင်ဘာသာ မြန်မာစာနှင့်
ယဉ်ကျေးမှုအမွေ ဆင့်ကမ်းစေဖို့
တိုးချဲ့ကျောင်းဆောင် ဓမ္မအရောင်ကို အလင်းဆောင်တဲ့
အလှုရှင်များ သဒ္ဓါတရားကို
ကျေးဇူးဂုဏ်အင် မှတ်တမ်းတင်ကာ
ဝမ်းမြောက်နုမော် သာဓုခေါ်သည်
ရွှင်လန်းချမ်းမြေ့ တရားတွေ့ကြပါစေ…..။


(တိုးချဲ့ဘုရားခန်းမဆောင်ရေစက်ချပွဲ အထိမ်းအမှတ် ဂုဏ်ပြုရေးဖွဲ့ပူဇော်ပါသည်။)
လင်းဝံသ
 

No comments:

Post a Comment

အလည်ရောက်တုန်း စကားလက်ဆောင်လေး ထားပေးခဲ့ချင်ရင်

ဘယ်သူပဲလာ လာ လက်ခုပ်တီးလျှက်ကြိုဆိုပါတယ်ဗျာ...