Sunday, February 10, 2013
*ပျက်စီးဆုံးရှုံးမူနှင့်ပညာမဲ့သူတို့၏လုပ်ရပ်*
Photo 
Photo 
နိုင်ငံတစ်ခုတိုင်းပြည်တစ်ခုဖွံ
အလွန်လိုအပ်လှပေသည်။စာရေးသူသည် ဤကဲ့သိုစကားလုံးကြီးကြီးပြောရခြ
င်းမှာ စကားတတ်၍ အတွေးအခေါ်ကောင်း၍ အမျှော်အမြင်ကောင်း၍ပြောဆိုခြင်းမဟုတ်ပါ၊ မိမိနိုင်ငံ မိမိလူမျိုး မိမိဘာသာ မိမိသာသာနာအကျိုးငှာ တစ်ဖက်တစ်လှမ်းသော ရူ့ထောင့်မှ ၀င်ကြည့်ခြင်းသာဖြစ်ပါသည်၊ အဘယ့်ကြောင့်ဆိုသော် မြန်မာတို့သည် သမိုင်းအစဉ်အလာအားဖြင့် ထင်ရှားသော ခေါင်းဆောင်များရှိ၏ ၊ ပညာရှိသော လိမ္မာပါးနပ်သော သနားကြင်နာတတ်သော ခေါင်းဆောင်ကောင်းများလည်း စီမံအုပ်ချုပ်ခဲ့ကြ၏ ၊ထို့ကြောင့် ခေတ်အဆက်ဆက်တွင် မြန်မာဟေ့... ဟုကြွေးကြော်သံများ မြည်ဟည်းခဲ့ကြသည် မဟုတ်ပါလား၊ ယင်းကဲ့သို့ ခေါင်းဆောင်ကောင်းများ စီမံအုပ်ချုပ်ခဲ့သောကြောင့် ဖွင့်ဖြိုးတိုးတက်ခြင်း သာယာဝပြောခြင်း စည်းလုံးညီညွတ်ခြင်း စသည်တို့တွင် "စံ" ထားလောက်သော နိုင်ငံတစ်နိုင်ငံဖြစ်ခဲ့ဖူးသည်၊ ထိုအချိန်က မြန်မာတို့သည် လူမူရေး၊ဘာသာရေး၊သာသနာရေးတို့တွင်လည်းကောင်း ယဉ်ကျေးမူ ဓလေ့ရိုးရာများ၌ လည်းကောင်း၊တစ်ဦးပေါ်တစ်ဦး တစ်ယောက်ပေါ်တစ်ယောက် လေးစားချစ်ခင် ရိုင်းပင်းကူညီကြသည်မှာ အလွန်ပဲ နှစ်လိုဖွယ်ကောင်းသော ကြည်နူးဖွယ်ရာကောင်းသော မြန်မာ့အလှအပ သမိုင်းဖြစ်ရပ် ရုပ်ကြွင်းတစ်ရပ်ဟု ပြောဆိုလျှင် မှားမည်မထင်။ယခုအခါ၌ကား လူမူရေး၊ဘာသာရေး၊သာသနာရေးတို့တွင်လည်း အားနည်း၍ ယဉ်ကျေးမူ ဓလေ့ရိုးရာများ၌လည်း ချစ်စရာကောင်းသော မြန်မာမူ့ မြန်မာဟန်များသည် ပျောက်ကွယ်လုလုဖြစ်နေ၏။ အရင်းစစ်က အမြတ်ဆိုသလို ၀တ်စားဆင်ယင်မူကအစ ခေတ်ရေစီးတွင်မျောချင်နေသည်။ ဘာပဲလုပ်လုပ် လူငယ်တို့သည် "ခေတ်" ဆိုသောစကားလုံး ဝေါဟာရကိုသုံး၍ လူကြီးသူမများအပေါ်၌ ရိုသေကိုင်းရှိုင်းမူ မရှိကြတော့ချေ။ လွန်ခဲ့သောသမိုင်းစာမျက်နှာများကို လှန်ကြည့်လျှင် မြန်မာဟူသည် ယဉ်ကျေးသိမ်မွေ့၏။ ရိုသေးလေးစားထိုက်သူကို ရိုသေလေးစားကြ၏။ ငယ်စဉ်ကစ ရိုင်းစိုင်းနေမည်ဆိုလျှင် နောင်တစ်ချိန် ခေါင်းဆောင်အကြီးအကဲများဖြစ်သည့်အခါ တိုင်းပြည်နဲ့လူမျိုးအပေါ် မည်ကဲ့သို့သော စီမံအုပ်ချုပ် သနားကြင်နာမူများ ပေးနိုင်တော့မည်နည်း ။ ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်ရန် ပညာရှိမူ လိမ္မာပါးနပ်မူများလည်း လိုသေး၏ ။ ပညာမရှိလျှင် အကြောင်းအကျိုး အကောင်းအဆိုး အမှားအမှန်ကို ဝေဖန်ပိုင်းခြားနိုင်မည်မဟုတ်ပါ။ ဥပမာ- ပညာသည် မျက်စိနဲ့တူ၏ ။ မျက်စိမမြင်သော သူကန်းတစ်ယောက်သည် တုတ်ဆွဲလမ်းပြသူ မရှိလျှင် ခရီးထွက်ခြင်း လမ်းလျှောက်ခြင်းစသောအမူကို ပြုနိုင်မည်မဟုတ်ပေ ။ အကယ်၍ ဆင်ကန်းတောတိုးဆိုသလို လျှောက်ခဲ့လျှင်လည်း ပျက်စီးဆုံးရှုံးရမည်မှာ မလွဲပင်ဖြစ်ပါလိမ့်မည် ။ ၄င်းကဲ့သို့ပင် ပညာမရှိသော သူသည်လည်း အကြောင်းအကျိုး၊အကောင်းအဆိုး၊အမှားအမှန်ကို ဝေဖန်ပိုင်းခြားနိုင်စွမ်းရှိမည်မဟုတ်ပေ။ ထို့ကြောင့် ပညာမရှိသောသူတို့၏ ပြုလုပ်သမျှသည်လည်း အကြောင်းအကျိုး၊အကောင်းအဆိုး၊အမှားအမှန်ကို ချင့်ချိန်နိုင်ခြင်း ဝေဖန်သုံးသပ်နိုင်ခြင်း မရှိသည်ဖြစ်၍ ပျက်စီးဆုံးရှုံးရမည်သာ။ ဖွံ့ဖြိုးတိုးတက်ခြင်း၊သာယာဝပြောခြင်း၊စည်းလုံးညီညွတ်ခြင်းစသော " စံ" ထားလောက်သော နိုင်ငံတစ်နိုင်ငံ၏ ခေါင်းဆောင်ကောင်းများ အဘယ့်မှလည်း ဖြစ်နိုင်ပါအံ့နည်း။ မြန်မာနိုင်ငံ၏ သမိုင်းစာမျက်နှာတွင်လည်း ပညာမရှိသော သူ၏ စီမံအုပ်ချုပ်မူကြောင့် ပျက်စီးဆုံးရှုံးခဲ့ရသော ဖြစ်ရပ်တစ်ခုရှိခဲ့သည် အ၀မြို့တွင် ၇၂၉ ခုနှစ်တွင် နန်းတက်သော မင်းကြီးစွာလက်ထက် ရခိုင်စား စောမွန်ကြီး ကြမ္မာ ကုန်၍ ကျွန်တော်ရင်း တစ်လုပ်စား စောမည်းအား ၇၄၂ ခုနှစ်တွင် ရခိုင်ကိုပေးရာ အမတ် စည်တပြစ် က"ကြောင်ခဲ့သို့ကျင့်လေ၊ညောင်ကဲ့သို့ကျင့်လေ" ဟုမှာလိုက်၏။ စောမည်းလည်း ရခိုင်သို့ရောက်လျှင် အိမ်တွင်ရှိသမျှ ကြောင် တောတွင်ရှိသမျှ ကြောင်တို့ကိုသတ်၍ စားလေ၏။ မြို့တွင်းမြို့ပြင်ရှိသော ညောင်ပင်ဟူသမျှ ကိုလည်းခုတ် ၍ ဆင်စာကျွေးလေ၏။ ထိုအခါ ဤမင်းသားမင်းပြုမှ ရခိုင်တွင် ကြောင်လည်းကုန်၊ညောင်လည်းကုန်၏ ဟုစိတ်သဘောမကျ၍ ပုန်ကန်သောကြောင့် ထွက်ပြေးရချေသည်။ ထိုမှစ၍ မင်းကြီးစွာသည် ရခိုင် ကိုလက်လွတ် ဆုံးရှုံးရချေသည်။ ကြောင်ကဲ့သို့ကျင့်လေ၊ညောင်ကဲ့သို့ကျင့်လေ၏ စကားအဓိပ္ပယ်ကား ကြောင်တို့မည်သည် အခါခပ်သိမ်း လက်သည်းကို မထုတ်မဖွင့်ပဲ အရေးရှိမှထုတ်ဖွင့်၍ အသုံးပြုသကဲ့သို့ အခါခပ်သိမ်း ဘုန်းလက်ရုံး အာဏာကို မသုံးဘဲ အခါအားလျှော်စွာ အသုံးပြုလေ၊ ညောင်တို့မည်သည် အရိပ်သို့ဝင်ရောက်လာသော သူတို့ကို ငြူစူခြင်းမရှိ ဖြန့်မိုး၍ အေးစေသကဲ့သို့ နိုင်ငံအတွက်၌ ၀င်ရောက်နေထိုင် ခိုလှုံနေသူတို့အား အခါခပ်သိမ်းအေးမြအောင် မတ္တာဖြင့် ဖြန့်မိုးလေဟု ဆိုလိုခြင်းဖြစ်သည်။ ဤ နေရာ၌ အလွန်မှတ်သားစရာကောင်းလှ၏။ ပညာရှိသော ပုဂ္ဂိုလ်သည်သာ ခေါင်းဆောင်ဖြစ်လျှင် အခါခပ်သိမ်းအမိန့်အာဏာကို မသုံးဘဲ အခါအားလျှော်စွာသာ အမိန့်အာဏာ သုံးသင့်သည်ကို သိလောက်ပေသည်။ နိုင်ငံအတွင်းဝင်ရောက်နေထိုင် ခိုလှုံနေသူတို့အား အခါခပ်သိမ်း အေးမြအောင် မတ္တာဖြင့် ဖြန့်မိုးစီမံ အုပ်ချုပ်နိုင်လိမ့်မည်ဟု စာရေးသူယုံကြည့်မိသည်။ ထို့ကြောင့် ပညာမရှိသောသူတို့၏ လုပ်ရပ်သည် ဒုတ်ဆွဲလမ်းပြသူ မရှိသော သူကန်းတစ်ယောက်နှင့်မခြား အလားတူစွာ ပျက်စီး ဆုံးရှုံးရတော့သည်တကား။
မှတ်ချက်။ ။ မည်သူတစ်ဦးတစ်ယောက်ကိုမှ ထိခိုက်နစ်နာရန်မရည်ရွယ်။
အားလုံးသို့
လေးစားလျှက်
တောကဦဇင်းလေး
No comments:
Post a Comment
အလည်ရောက်တုန်း စကားလက်ဆောင်လေး ထားပေးခဲ့ချင်ရင်
ဘယ်သူပဲလာ လာ လက်ခုပ်တီးလျှက်ကြိုဆိုပါတယ်ဗျာ...